The Foreigner (2017) မြန်မာစာတန်းထိုး
#BluRay ဟာ အရင် #HDRip ထက် အခန်းတွေ #အပိုပါပါတယ် ။
The Foreigner ဟာကြည့်ကောင်းတဲ့အက်ရှင်ဇာတ်ကားပါ။ သမားရိုးကျဂျက်ကီချန်းကားတွေကနေ ကွဲထွက်ထားလို့ အမြင်သစ်နေပါတယ်။ လိုအပ်ချက်တွေရှိနေပေမယ့် ဂျက်ကီချန်းပရိသတ်များအတွက်တော့ စိတ်ကျေနပ်စေမယ့် ဇာတ်ကားဖြစ်ပါတယ်ခင်ဗျား။
The Karate Kid (2010) ထွက်ပြီးနောက်ပိုင်း Jackie Chan ရဲ့ရုပ်ရှင်အများစုဟာ အာရှမှာထုတ်လုပ်တဲ့ ဇာတ်ကားတွေသာဖြစ်ခဲ့ပါတယ်။ ဟောလိဝုဒ်ထုတ်လုပ်ရေးတွေနဲ့ ဖက်စပ်ရိုက်ကူးခဲ့တာတွေရှိပေမယ့် အများစုဟာအာရှဈေးကွက်ကိုသာ ဦးတည်ခဲ့တာပါ။ သိတဲ့အတိုင်းတရုတ်ဒါရိုက်တာတွေရိုက်လိုက်ရင် ခပ်ပေါပေါတွေထွက်လာတာများပါတယ်။ အာရှဈေးကွက်မှာတော့ လူတွေကြည့်ပေမယ့် အနောက်ဖက်ဈေးကွက်ကိုတိုးမရတဲ့ ကားတွေပါ။ The Foreigner ကတော့ရည်မှန်းချက်ကြီးကြီးနဲ့အနောက်တိုင်းဈေးကွက်ကို ပြန်လည်ထိုးဖေါက်ဖို့ ရိုက်ထားတယ်လို့ ယူဆနိုင်ပါတယ်။ ပရိုဂျူဆာကလည်း ဆရာကြီး Jackie ပါ (စကားချပ် – နောက်ထပ် ပရိုဂျူဆာလေးယောက်ပါပါသေးတယ်)။ အာရှမှာတင်မက အမေရိကားမှာပါ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာ Martin Campbell ဟာ James Bond ဇာတ်ကား Casino Royale နဲ့ Golden Eye တို့ကိုရိုက်ကူးခဲ့သူဖြစ်ပါတယ်။ မင်းသား Pierce Brosnan ဟာလည်း နာမည်ကြီးတယောက်မို့ The Foreigner ကိုအားလုံးကမျှော်လင့်နေကြတာပါဗျ။
Quan (Jackie Chan) ဟာလန်ဒန်မှာအခြေချပြီး စားသောက်ဆိုင်လေးဖွင့်ကာ ဘဝကိုဖြတ်သန်းနေတဲ့ အိမ်ထောင်ဦးစီးတယောက်။ ဆယ်ကျော်သက်သမီးလေးတယောက်ရှိတယ်။ အဖေတခု သမီးတခုပေါ့။ တနေ့တော့ မမျှော်လင့်ဘဲ လန်ဒန်မြို့မှာဗုံးပေါက်တဲ့အထဲ သူ့သမီးလေးပါသွားရှာတယ်။ အဲဒီနောက်မှာ Quan ဟာဗုံးဖေါက်သူအကြမ်းဖက်သမားတွေကို သဲကြီးမဲကြီးလိုက်ရှာပါတော့တယ်။ တဦးတည်းသောသမီးလေးအတွက် ပူပင်သောကရောက်နေရပြီး ကလဲ့စားချေလိုစိတ်သာရှိတော့တဲ့ Quan ဟာ အိုင်ယာလန်အကြမ်းဖက်အဖွဲ့နဲ့ အတိတ်ကပတ်သက်မှုရှိခဲ့တဲ့ မြောက်အိုင်ယာလန်ကဝန်ထောက် Liam (Pierce Brosnan) နဲ့ထိပ်တိုက်တွေ့ပါတော့တယ်။ လန်ဒန်မှာဇာတ်မြှုပ်နေတဲ့ Quan ဟာအရင်တုန်းက သာမန်အရပ်သားတယောက်မဟုတ်ခဲ့သလို တဖက်မှာလည်း Liam ရဲ့အတိတ်ဟာလည်း အကြမ်းဖက်သမားတွေနဲ့ဆက်စပ်မှုရှိနေခဲ့လေတော့ … ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့ ပိတ်ကားပေါ်မှာဆက်လက်ရှုစားကြပါခင်ဗျာ။
အိုကေ … ဇာတ်လမ်းအကျဉ်းပြောပြီးပြီဆိုတော့ ကျနော့်အမြင်လေးတွေကို ပြောပါရစေ။ Trailer ကြည့်ပြီးကတည်းက မှန်းလို့ရသွားတာက ဒီကားဟာ ဂျက်ကီရဲ့အရင်တုန်းကဇာတ်ကားတွေလို အပြောင်အပြက်မဟုတ်ပါဘူး။ Rush Hour လိုဟောလိဝုဒ်ကားနဲ့ ဆန့်ကျင်ဖက် … လုံးဝ serious ပါ။ Taken နဲ့ John Wick လိုပေါ့။ သမီးကိုပြန်ပေးဆွဲတယ်။ မင်းသားကလူဆိုးတွေကိုရှယ်သမတယ်။ ခွေလေးကိုသတ်လိုက်တယ်။ မင်းသားက လူဆိုးတွေကို ပက်ပက်စက်စက်တွေပြန်လုပ်တယ်။ သဘောတရားချင်းတူတယ်ပေါ့ဗျာ။ Serious တာမှ ဂျက်ကီကတကားလုံးမျက်နှာအတည်ကြီးနဲ့။ ဟိုဖက်လွန်ပြီး စူပုပ်နေသလိုတောင်ထင်ရတယ်။
ကြိုက်တဲ့အချက်တွေပြောရရင် … နံပါတ် (၁) … ပြည်မကြီးမှာထုတ်တဲ့ကားတွေထက် သာပါတယ်။ အကောင်းကြီးမဟုတ်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်လေးနဲနဲခိုင်တော့ ကြည့်လို့အဆင်ပြေတယ်။ စိတ်လှုပ်ရှားစရာ မြှုပ်ကွက်လေးတွေပါတယ်။ နိုင်ငံရေးတွေပါတယ်။ (နိုင်ငံရေးဆိုလို့ အိုင်ယာလန်နဲ့ဗြိတိန် ပြဿနာကိုသိရင် ပိုနားလည်လိမ့်မယ်)။ ရိုက်ချက်တွေကောင်းတယ်။ ပျင်းစရာ သမားရိုးကျရိုက်ချက်တွေချည့်ပဲမဟုတ်ဘူး။ Cinematography ကသာမန်ထက်ပိုကောင်းပါတယ် မဆိုစလောက်လေး။ အက်ရှင်အခန်းတွေ မဆိုးပါဘူး။ ဟောလိဝုဒ်ကရိုက်တာဆိုတော့ သိပ်မမျှော်လင့်ထားဘူး။ ဒါပေမယ့် ဂျက်ကီ အများကြီးလုပ်နိုင်ပါသေးတယ်။ အသက် ၆၃ နှစ်ဆိုတာမထင်ရဘူး။
အားမလိုအားမရဖြစ်တာကဇာတ်လမ်းကပြချင်တာများနေပြီး အချိန်ကမလောက်သလိုဖြစ်နေတယ်။ Subplot တွေများတယ် … အားလုံးကိုလည်းသေချာမပြနိုင်ဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးဇာတ်လမ်းကျောရိုးမပျောက်အောင် တည်းဖြတ်ထားပုံပါပဲ။ အမှန်ဆို ဒီထက်အများကြီးပိုကောင်းနိုင်တယ်။ ခုတော့ Pierce Brosnan ကဟိုသွားဒီသွား ဖုန်းနဲ့စကားပြော … တပည့်တွေကိုခိုင်း … ဒါနဲ့တကားလုံးပြီးသွားတယ်။ သူ့အခန်းကတော့ များပါတယ်။ နောက်တခုက ဂျက်ကီ။ ဇာတ်ကားစစချင်း သမီးသေသွားတော့ မျက်နှာကြီးက စူပုပ်နေတာပဲဗျာ။ ဝမ်းနည်းတဲ့မျက်နှာထက်ကိုပိုတယ်။ စပ်ဖြီးဖြီးလုပ်တာပဲမြင်နေကျမို့ထင်ပါရဲ့ နဲနဲပိုတယ်လို့ခံစားရတယ်။ ပြီးတော့ ဇာတ်လမ်းအစမှာလမ်းလျှောက်တာလှုပ်လီလှုပ်လဲ့နဲ့ ဂျက်ကီကအဖိုးကြီးစတိုင်ဖမ်းထားတယ်။ နောက်ပိုင်းပွဲကြမ်းတော့ သူမဟုတ်တဲ့အတိုင်းပဲ။ အပြောင်းအလဲမြန်ပုံပြောပါတယ်။ သရုပ်ဆောင်တာနဲနဲပြင်လိုက်ရင်ပိုကောင်းသွားမှာ။ ကျနော်ထင်တာကတော့ ဒါရိုက်တာကဟောလိဝုဒ်ပုံစံသွားတယ်။ ဂျက်ကီကဟောင်ကောင်စတိုင် အပိုစာသားတွေနဲနဲပါတယ်။ သူတို့ ၂ ယောက်ညှိရင်းနဲ့ ဒီလောက်ထွက်လာတာဖြစ်မယ်။
ဂျက်ကီကထုတ်လုပ်သူဆိုတော့ ဇာတ်ကားအပေါ်သြဇာတော့တော်တော်ညောင်းလိမ့်မယ်။ ဇာတ်ကားအပြီးစာတမ်းထိုးတော့ သူကိုယ်တိုင်ဆိုတဲ့ တရုတ်သီချင်းနဲ့ဗျာ။
သြော် … ဒါနဲ့ ဇာတ်ရံအနေနဲ့ပါတဲ့ Charlie Murphy ဆိုတဲ့အိုင်ယာလန်သူမင်းသမီးလေးက တော်တော်ဖိုင်းတယ်ဗျာ။ သေချာကြည့်ခဲ့ကြ။ သူ့အကြောင်းတော့မပြောတော့ဘူး … ဇာတ်လမ်းထဲကမြှုပ်ကွက်တွေပေါ်ကုန်မယ်။
ဆိုတော့ကာ … ဂျက်ကီချန်းပရိသတ်တယောက်အနေနဲ့ ဒီလိုအတော်အသင့်ကောင်းမွန်တဲ့ ဇာတ်ကားထွက်လာတဲ့အတွက် ဝမ်းသာပါတယ်။ ဇာတ်ကားကပိုကောင်းနိုင်ခြေရှိရက်နဲ့ အဖျားနည်းနည်းရှူးသွားလို့ အားမလိုအားမရတော့ ဖြစ်မိတယ်။ ချုံကြည့်ရင်တော့ ကြည့်ကောင်းတဲ့အက်ရှင်ဇာတ်ကားပါပဲ။ သမားရိုးကျဂျက်ကီချန်းကားတွေကနေ ကွဲထွက်ထားလို့ အမြင်သစ်နေပါတယ်။ လိုအပ်ချက်တွေရှိနေပေမယ့် ဂျက်ကီချန်းပရိသတ်များအတွက်တော့ စိတ်ကျေနပ်စေမယ့် ဇာတ်ကားဖြစ်ပါတယ်ခင်ဗျား။
Credit: Burma Flickster မှ ကူးယူးဖော်ပြပါသည်။
Format ……… 720p BluRay
Genre ……… Drama & Mystery
File size ……… 814 Mb
Resolution ……… 1280x536
Subtitle ……… မြန်မာ Hardsub
Runtime ……... 1h 53 Mins
Translater ………Zin Aung
Translater ………Zin Aung
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home