၂၁ ရာစုရရဲ့
ဒုတိယ ဘရုစလီလို့ တင်စားလောက်တဲ့ လူတစ်ယောက်ပေါ့ ...
၁၉၃၀ ခုနှစ်
တရုတ်ပြည်မှာ နိုင်ငံရေး မငြိမ်မသက်မှုတွေနဲ့ အရှေ့ဖျားမှာ ဂျပန်ရဲ့ကျူးကျော်မှုလည်း ခံနေရချိန်ကို ဇာတ်ကားက အခြေတည်ထားပါတယ် ။ တရုတ်ပြည်တွင်းက လူငယ်တွေဟာ မိမိဘဝတိုးတက်ဖို့ရာ မြို့တော်ကြီး ရှန်ဟိုင်းကို စွန့်စွန့်စားစား တက်လာကြတယ် ။ လူငယ်တွေ ရှန်ဟိုင်းကို ရောက်ပြီးချိန်မှာ လူငယ်တွေ မျှော်လင့်သလို သူတို့ဘဝအတွက် တိုးတက်မှုမရှိပဲ ပျက်ဆီးကုန်တာပဲရှိနေတယ် ။ တကယ်တမ်း စွန့်လွှတ်အနစ်နာခံတာရှိရင်တော့ လူဆိုးဂိုဏ်းထဲမှာ ခေါင်းဆောင်တော့ဖြစ်နိုင်သေးတယ် ။
သူ့နာမည်က မာယောင်ချမ်း ....
နွားမကိုတောင် သူ့လက်သီးနဲ့ ထိုးရင် သေလို့ သူ့အမေက စိတ်ထိန်းဖို့ သတိပေးစရာ ငွေခြူလုံး ကျောက်စိမ်းလက်ကောက်ဆွဲပေးပြီး ရှန်ဟိုင်းကို တိုးတက်ဖို့ လမ်းစရှာဖို့ လွှတ်လိုက်တယ် ။ မာယောင်ချမ်း ရှန်ဟိုင်းကို ရောက်ချိန်မှာ မာယောင်ချမ်းလို ဘာမှ မရှိတဲ့ဘဝက ရောက်လာပြီး ရှန်ဟိုင်းရဲ့ မြို့တစ်ဝက်မှာ လူမိုက်ခေါင်းဆောင်ဖြစ်နေတဲ့ လူတစ်ယောက် ရှိတယ် ။
သူ့နာမည်က လောင်ချမ်း .....
လောင်ချမ်းရဲ့ လက်သီးကလည်း ပြင်းတယ် ။
ရှန်ဟိုင်းမှာ လောင်ချမ်းရဲ့ လက်သီးဒဏ်ကို ခံနိုင်သူ မရှိသောကြောင့် လောင်ချမ်းဟာ ရှန်ဟိုင်းမှာ နေရာတစ်ခု ရလာတယ် ။
လောင်ချမ်းဟာ လူဆိုးလူမိုက်ဖြစ်ပေမယ့်
တိုင်းပြည်အပေါ် ချစ်စိတ်တော့ ရှိသေးတယ် ။ ဂျပန်တွေရဲ့ ဘိန်းတွေကို ဖျက်ဆီးရင်း မာယောင်ချမ်းနဲ့ ဆုံခဲ့တယ် ။ သက်တူရွယ်တူ သိုင်းပညာ လက်ရည်တူမို့ လောင်ချမ်းဟာ မာယောင်ချမ်းအပေါ် ညီအကို အရင်းတမျှ ချစ်ခင်သွားတယ် ။
လူရိုးတောသား မာယောင်ချန်းနဲ့ လူမိုက်ခေါင်းဆောင် လောင်ချမ်းတို့ နှစ်ယောက် ရှန်ဟိုင်းမြို့လူမိုက်လောကကို သိမ်းယူမလား ၊ ဂျပန်တွေကိုရော ဘယ်လို ဒုက္ခပေးမလဲ ။ ရှန်ဟိုင်းရဲ့ နယ်ခံဘုရင်တွေကရော မာယာချမ်းတို့ကို ဘယ်လို ပြန်တိုက်ခိုက်မလဲ ကြည့်ရှူ့လိုက်ပါတော့ .....
တိုက်ကွက်တွေက
အသစ်တွေ အသွက်တွေ အဆန်းတွေမို့ ကြည့်ရင်းကနေ "ဘရုစလီ" အသက်ပြန်ရှင်သလားတောင် အောက်မေ့ရတယ် ။
အညွှန်း Wai Linn Kyaw
Format ……… 720p BluRay
Genre ………… Drama & Fantasy
File size ………650 Mb
Resolution ……… 1280x544
Subtitle ……… မြန်မာ Hardsub
Runtime ………1h 35 Mins
Translater ………Kyaw Myo Thu
Translater ………Kyaw Myo Thu
Encoder ………Nge Nge
Rating 6.9
ဒေါင်းရန်လင့်များ
No comments:
Post a Comment